ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အခွန်ထမ်းမြန်မာရွှေ့ပြောင်း အလုပ်သမားများသို့
အသိပေးကြေညာချက်
၁။ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အခွန်ထမ်းမြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အောက်ဖော်ပြပါ နိုင်ငံသားဆိုင်ရာ လုပ်ငန်း(၄)မျိုးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
( က ) မိဘ၏ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)နှင့် နိုင်ငံသားကိုယ်ရေးမှတ်တမ်း (ပုံစံ နိုင်-၂)တွင် သားသမီးအမည်စာရင်း ထည့်သွင်းခြင်း။
( ခ ) အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)ရှိသော်လည်း ကိုင်ဆောင်လက်မှတ်မရှိသည့် အခွန်ထမ်းအိမ်ထောင်စုဝင်များအား အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့် ကိုင်ဆောင်လက်မှတ်များ ဥပဒေနှင့်အညီ ထုတ်ပေးခြင်း။
( ဂ ) အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမှ အသက်(၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား လဲလှယ်ထုတ်ပေးခြင်း။
( ဃ ) အခွန်ထမ်းနိုင်ငံသားများနှင့် မိသားစုဝင်များ ကိုင်ဆောင်လက်မှတ် ပျောက်ဆုံး/ပျက်စီး/ ဟောင်းနွမ်းပါက e-ID စနစ်ဖြင့် စစ်ဆေး၍ မိတ္တူထုတ်ပေးခြင်း။
၂။ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အခွန်ထမ်းမြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသားဆိုင်ရာလုပ်ငန်းများ လျှောက်ထားရာတွင် ပါရှိရမည့်အထောက်အထားများနှင့်ပုံစံများအား လျှောက်ထားမည့်ခေါင်းစဉ်အလိုက် အောက်ပါလင့်များတွင် download ဆွဲယူနိုင်ပါသည်။
(က) မိဘ၏အိမ်ထောင်စုလူဦးရေစာရင်းတွင်သားသမီးအမည်စာရင်း(မွေးတိုး)ထည့်သွင်းခြင်း
( ခ ) အသက်(၁၀)/(၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားခြင်း
( ဂ ) အသက်(၁၀)မှအသက်(၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်လျှောက်ထားခြင်း
(ဃ) အသက်(၁၀)/(၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံး/ပျက်စီးလျှောက်ထား ခြင်း
မိဘ၏အိမ်ထောင်စုလူဦးရေစာရင်းတွင် သားသမီးအမည်စာရင်း (မွေးတိုး) ထည့်သွင်းခြင်း
မိဘ၏အိမ်ထောင်စုလူဦးရေစာရင်းတွင်သားသမီး အမည်စာရင်း(မွေးတိုး)ထည့်သွင်းခြင်းနှင့် ပတ်သက်၍ အောက်ပါအထောက်အထားများနှင့်အတူ လျှောက်ထားရပါမည်။
(က) မိဘ(သို့မဟုတ်)အုပ်ထိန်းသူ၏လျှောက်လွှာ (နမူနာပုံစံ-A01) (၁) စောင်
( ခ ) မိဘ(၂)ဦး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူ၊ (၁) စောင်
( ဂ ) အိမ်ထောင်စုလူဦးရေစာရင်း မူရင်း/မိတ္တူနှင့် လက်ထပ်စာချုပ်မိတ္တူ (၁) စောင်
(ဃ) မိဘ(၂)ဦး၏ မြန်မာနိုင်ငံကူးလက်မှတ် မူရင်း/မိတ္တူ၊ C of I မူရင်း/မိတ္တူ၊ မိဘ(၂)ဦး၏ အခွန်ထမ်းအထောက်အထား မူရင်း/မိတ္တူ (၁) စောင်
( င ) မွေးစာရင်းမူရင်း(သို့မဟုတ်)မွေးဖွားကြောင်းအထောက်အထား လက်မှတ်မူရင်း/မိတ္တူ (၁) စောင်
( စ ) ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၏မွေးဖွားကြောင်းထောက်ခံချက်မူရင်း/ မိတ္တူနှင့် နိုင်ငံတော်ပြင်ပတွင် ကလေးမွေးဖွားခြင်း မှတ်တမ်း(ပုံစံ နိုင်-၈) (၁) စောင်
(ဆ) မိဘ(၂)ဦး၏သား/သမီးအရင်းဖြစ်ကြောင်း ဝန်ခံကတိပြုချက်(နမူနာပုံစံ-A02) (၁) စောင်
( ဇ ) အိမ်ထောင်ဦးစီး၏ သဘောတူခွင့်ပြုကြောင်း တင်ပြစာ (နမူနာပုံစံ-A03)(၁) စောင်
( ဈ ) မွေးစာရင်းအမည်ထည့်သွင်းမည့်သူနှင့် ၎င်း၏မိဘ(၂)ပါးသည် အခြား နိုင်ငံ၏နိုင်ငံသားအဖြစ်ခံယူထားခြင်းမရှိကြောင်း၊အခြားနိုင်ငံကူးလက်မှတ် (သို့မဟုတ်)အလားတူလက်မှတ်ကို ကိုင်ဆောင်ထားခြင်းမရှိကြောင်း မိဘ(၂)ပါး ၏ဝန်ခံကတိပြုချက် (နမူနာပုံစံ-A04)(၁) စောင်
အသက်(၁၀)/(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားခြင်းနှင့်ပတ်သက်၍ အောက်ပါအထောက်အထားများနှင့်အတူ လျှောက်ထားရပါမည်။
(က) ကာယကံရှင်လျှောက်လွှာ (နမူနာပုံစံ-B01) (၁) စောင်
( ခ ) မျိုးရိုးစဉ်ဆက်ဇယား (၁) စောင်
( ဂ ) နိုင်ငံသား၏ကိုယ်ရေးမှတ်တမ်း(ပုံစံ နိုင်-၂) (၁) စောင်
(ဃ) (၀.၈ × ၀.၈) အရွယ်ဓါတ်ပုံ(မျက်မှန်မပါ) (၄) ပုံ
( င ) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ (၁) စောင်
( စ ) အသက်အတွက်ကျောင်းထောက်ခံချက်(သို့မဟုတ်)မွေးစာရင်းမူရင်း/မိတ္တူ (၁) စောင်
(ဆ) မိဘနှစ်ဦး၏နိုင်ငံသားစိစစ်ရေးကတ်ပြားလက်မှတ်မိတ္တူ (၁) စောင်
( ဇ ) သွေးအုပ်စုသတ်မှတ်ချက်လက်မှတ် (၁) စောင်
( ဈ ) မိဘ/ကာယကံရှင်၏အခွန်ထမ်းဆောင်ပြီးကြောင်းပြေစာမိတ္တူနှင့် မြန်မာသံရုံး၏ထောက်ခံချက် (၁) စောင်
(ည) မြန်မာနိုင်ငံကူးလက်မှတ်မူရင်း/မိတ္တူ(သို့မဟုတ်)C ၀f I (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) မူရင်းပါရှိရမည်။ (၁) စောင်
( ဋ ) နိုင်ငံသားစိစစ်ရေးကတ်ပြားအားတစ်ကြိမ်တစ်ခါမျှလျှောက်ထား ရယူကိုင်ဆောင်ခဲ့ဘူးခြင်းမရှိကြောင်းဝန်ခံကတိပြုချက်(နမူနာပုံစံ-B02) (၁) စောင်
( ဌ ) ကာယကံရှင်/မိဘ(၂)ပါးသည်အခြားနိုင်ငံ၏နိုင်ငံသားအဖြစ်ခံယူထားခြင်း မရှိကြောင်း၊အခြားနိုင်ငံကူးလက်မှတ်(သို့မဟုတ်)အလားတူလက်မှတ်ကို ကိုင်ဆောင်ထားခြင်း မရှိကြောင်း ဝန်ခံကတိပြုချက် (နမူနာပုံစံ-B03) (၁) စောင်
အသက်(၁၀)မှအသက်(၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်လျှောက်ထားခြင်း
အသက်(၁၀)နှစ်ပြည့်မှအသက်(၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အောက်ပါအထောက်အထားများနှင့်အတူ လျှောက်ထားရပါမည်။
(က) ကာယကံရှင်လျှောက်လွှာ (နမူနာပုံစံ-C01) (၁) စောင်
( ခ ) မျိုးရိုးစဉ်ဆက်ဇယား (၁) စောင်
( ဂ ) နိုင်ငံသား၏ကိုယ်ရေးမှတ်တမ်း(ပုံစံ နိုင်-၂) (၁) စောင်
(ဃ ) (၀.၈ × ၀.၈) အရွယ်ဓါတ်ပုံ(မျက်မှန်မပါ) (၄) ပုံ
( င ) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ (၁) စောင်
( စ ) လက်ရှိကိုင်ဆောင်ထားသော အသက်(၁၀)နှစ်ပြည့်နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းပါရှိရမည်။(မူရင်းမတင်ပြနိုင်ပါက နိုင်ငံသားစိစစ်ရေး ကတ်ပြားနံပါတ်ပါသောအထောက်အထားတစ်ခုခုပါရှိရမည်) (၁) စောင်
(ဆ) မိဘနှစ်ဦး၏နိုင်ငံသားစိစစ်ရေးကတ်ပြားလက်မှတ်မိတ္တူ (၁) စောင်
( ဇ ) မြန်မာနိုင်ငံကူးလက်မှတ်မူရင်း/မိတ္တူ(သို့မဟုတ်)C ၀f I (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) မူရင်းပါရှိရမည်။ (၁) စောင်
( ဈ ) သွေးအုပ်စုသတ်မှတ်ချက်လက်မှတ် (၁) စောင်
(ည) မိဘ/ကာယကံရှင်၏အခွန်ထမ်းဆောင်ပြီးကြောင်းပြေစာမိတ္တူနှင့် မြန်မာသံရုံး၏ထောက်ခံချက် (၁) စောင်
( ဋ ) အခြားနိုင်ငံ၏နိုင်ငံသားအဖြစ်ခံယူထားခြင်း မရှိကြောင်း၊အခြားနိုင်ငံကူးလက်မှတ်(သို့မဟုတ်) အလားတူလက်မှတ်ကို ကိုင်ဆောင်ထားခြင်း မရှိကြောင်း ဝန်ခံကတိပြုချက် (နမူနာပုံစံ-C02) (၁) စောင်
အသက်(၁၀)/(၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံး/ပျက်စီး လျှောက်ထားခြင်း
အသက်(၁၀)/(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီး လျှောက်ထားခြင်းနှင့် ပတ်သက်၍ အောက်ပါအထောက်အထားများနှင့်အတူလျှောက်ထားရပါမည်။
(က) ကာယကံရှင်လျှောက်လွှာ (နမူနာပုံစံ-D01) (၁) စောင်
( ခ ) မျိုးရိုးစဉ်ဆက်ဇယား (၁) စောင်
( ဂ ) နိုင်ငံသား၏ကိုယ်ရေးမှတ်တမ်း(ပုံစံ နိုင်-၂) (၁) စောင်
(ဃ) (၀.၈ × ၀.၈) အရွယ်ဓါတ်ပုံ(မျက်မှန်မပါ) (၄) ပုံ
( င ) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ (၁) စောင်
( စ ) လက်ရှိကိုင်ဆောင်ထားသော အသက်(၁၀)/(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ/မူရင်း(မူရင်းမတင်ပြနိုင်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်ပါသောအထောက်အထား တစ်ခုခုပါရှိရမည်) (၁) စောင်
(ဆ) မိဘနှစ်ဦး၏နိုင်ငံသားစိစစ်ရေးကတ်ပြားလက်မှတ်မိတ္တူ (၁) စောင်
( ဇ ) မြန်မာနိုင်ငံကူးလက်မှတ်မူရင်း/မိတ္တူ(သို့မဟုတ်)C ၀f I (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) မူရင်းပါရှိရမည်။ (၁) စောင်
( ဈ ) သွေးအုပ်စုသတ်မှတ်ချက်လက်မှတ် (၁) စောင်
(ည) မိဘ/ကာယကံရှင်၏အခွန်ထမ်းဆောင်ပြီးကြောင်းပြေစာမိတ္တူနှင့် မြန်မာသံရုံး၏ထောက်ခံချက် (၁) စောင်
( ဋ ) ပျောက်ဆုံး/ပျက်စီးခြင်းအတွက် အကြောင်းအရာ ဖော်ပြချက် မှတ်တမ်း (ပုံစံ ထွေ-၄) (၁) စောင်
( ဌ ) အခြားနိုင်ငံ၏နိုင်ငံသားအဖြစ်ခံယူထားခြင်း မရှိကြောင်း၊အခြားနိုင်ငံကူးလက်မှတ်(သို့မဟုတ်) အလားတူလက်မှတ်ကို ကိုင်ဆောင်ထားခြင်း မရှိကြောင်း ဝန်ခံကတိပြုချက် (နမူနာပုံစံ-D02) (၁) စောင်
၃။ ပေးပို့လျှောက်ထားလာသည့်အထောက်အထားများတွင် အောက်ပါအချက်အလက်များ စိစစ် တွေ့ရှိရပါက ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။
(က) လျှောက်ထားလာသည့်အချက်အလက်များအား စိစစ်ရာတွင် မှန်ကန်မှု မရှိခြင်း၊
( ခ ) အချက်အလက်များ ပြည့်စုံစွာ လျှောက်ထားလာမှု မရှိခြင်း၊
( ဂ ) ဓာတ်ပုံထင်ရှားပြတ်သားမှုမရှိခြင်း၊
(ဃ) တင်ပြပါအထောက်အထားများသည်အတုဟုယူဆရခြင်း၊
( င ) ကာယကံရှင်နှင့်၎င်း၏မိဘဆွေမျိုးသားချင်းများအား ဆက်သွယ်ရန်ဖုန်းနံပါတ်များ နှင့် e-mail များ မပါရှိခြင်း၊
( စ ) ဖော်ပြထားသည့်ဖုန်းနံပါတ်နှင့် e-mail များသို့ ဆက်သွယ်ရာတွင် ဆက်သွယ်၍ မရခြင်း။
၄။ နိုင်ငံသားဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်းအတွက် ငွေကောက်ခံနှုန်းထားနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ထိုင်းနိုင်ငံသုံးဘတ်ငွေဖြင့် ကောက်ခံသွားမည်ဖြစ်ပါသည်။
| စဉ် | အကြောင်းအရာ |
ကောက်ခံသွားမည့် |
မှတ်ချက် |
| ၁။ | မွေးဖွားကြောင်းအထောက်အထား လက်မှတ်ပုံစံ ထွေ-၁(က) | (၁၀) ဘတ် | မွေးတိုး |
| ၂။ | အသက်(၁၀)နှစ်ပြည့် နိုင်-၃(က) | (၆၀) ဘတ် | |
| ၃။ | အသက်(၁၈)နှစ်ပြည့် နိုင်-၆(က) | (၆၀) ဘတ် | |
| ၄။ | အသက်(၁၀)နှစ်ပြည့်မှ(၁၈)နှစ်ပြည့် လဲလှယ် နိုင်-၆(က) | (၃၀) ဘတ် | |
| ၅။ |
ပျောက်ဆုံး/ပျက်စီး/မိတ္တူ နိုင်-၃(က)/နိုင်-၆(က) |
(၁၀၀) ဘတ် | |
| ၆။ | မွေးတိုးနှစ်လွန် ဒဏ်ကြေး | (၁၀၀) ဘတ် | ၁နှစ်ပျက်ကွက် |
| ၇။ | မွေးတိုးနှစ်လွန် ဒဏ်ကြေး | (၅၀၀) ဘတ် | ၅နှစ်ဆက်တိုက်ပျက်ကွက် |
၅။ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အခွန်ထမ်းမြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသားဆိုင်ရာလုပ်ငန်းများ လျှောက်ထားရာတွင် ပါရှိရမည့်အထောက်အထားများနှင့်ပုံစံများအား မြန်မာသံရုံး၊ ဗန်ကောက်မြို့၊ Immigration Attache လုပ်ငန်းအဖွဲ့မှ ဖြန့်ဝေသွားမည့် နမူနာပုံစံများ ဖြင့်လည်းကောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ Website page ဖြစ်သည့် https://mebangkok.org တွင် download ဆွဲယူ၍ လည်းကောင်း၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့၊ Immigration Attache လုပ်ငန်းအဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ပါသည်။
၆။ လျှောက်ထားမှုနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက This email address is being protected from spambots. You need JavaScript enabled to view it. နှင့် ဖုန်းနံပါတ် +66 0968100467 သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
No. 110, Sathon nua Road, Bangkok, 10500, Thailand.
Phone: 0626283892, 022340320, 026379404
Fax: 02 236 6896, 02 233 7250
Email: info@mebangkok.com
Website: mebangkok.org