Have any questions?

Goverment Websites

Online Appointment (ရက်ချိန်းရယူခြင်း)

အသိပေးကြေညာချက်

 

20260605 01

Kanwee Suebsaeng (Kannavee Suebsang)

၁။ ၂၀၂၆ ခုနှစ် မေလ ၂၃ ရက်တွင် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်တက္ကသိုလ်၊ ကွန်ဗင်းရှင်း စင်တာ၌ ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award-CoBA) ဆုပေးပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆုပေးပွဲတွင် ၁၉၈၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လှုပ်ရှားမှုများအား အားပေးထောက်ခံ ဆောင်ရွက်ခဲ့သူဖြစ်ပြီး အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (PDF)တို့နှင့် နီးကပ်စွာဆက်နွှယ်လျက်ရှိသူ မင်းကိုနိုင်အား CoBA ဆု ချီးမြှင့် အပ်နှင်းခဲ့ပါသည်။

၂။ CRPH၊ NUG နှင့် PDF အဖွဲ့အစည်းများကို ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများနှင့် အတူ မြန်မာနိုင်ငံ၏ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်စွဲပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁) ဖြင့် အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် တရားဝင်သတ်မှတ် ကြေညာထားပြီး ဖြစ်ပါသည်။

၃။ Peace Rights Foundation တည်ထောင်သူနှင့် ထိုင်းနိုင်ငံ အောက်လွှတ်တော် ဥပဒေ ရေးရာ၊ တရားမျှတရေးနှင့် လူ့အခွင့်အရေးကော်မတီအဖွဲ့ဝင် Kanwee Suebsaeng (Kannavee Suebsang)သည် အဆိုပါဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မင်းကိုနိုင်အား ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပါသည်။ ထိုသို့တက်ရောက်၍ အမှာစကားပြောကြားခဲ့ခြင်းသည် အကြမ်းဖက်လှုပ်ရှားမှုကို အားပေးအားမြှောက်ပြုရာရောက်ပြီး ထိုင်းနိုင်ငံအစိုးရက မြန်မာ နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအပေါ် အထောက်အကူမပြုသည့်အပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အပြုသဘောမဆောင်ဘဲ မြန်မာ နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ကျဆင်းစေသည့်အတွက် ၎င်းအား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက် မှ စတင်၍ အမည်မည်းစာရင်း တွင် ထည့်သွင်းလိုက်ကြောင်း ကြေညာအပ်ပါသည်။

မြန်မာသံရုံး
ဗန်ကောက်မြို့
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်

Embassy Websites

Yangon Time

Bangkok Time

Contact Us

No. 110, Sathon nua Road, Bangkok, 10500, Thailand.
Phone: 0626283892, 022340320, 026379404
Fax: 02 236 6896, 02 233 7250
Email: info@mebangkok.com
Website: mebangkok.org